Tuesday, September 8, 2015

ငါးကင်အရောင်းသမားလေးတီထွင်တဲ့ စာငှားစနစ်

'လှိုင်မှာ၊လှည်းတန်းမှာအရက်သမားတွေကိုစာအုပ်လိုက်ငှားပေးပါတယ်။ သူတို့စာတအုပ်ငှားဖတ်ပြီးစာအုပ်အကြောင်း ပြန်ပြောနိုင်တယ်ဆိုရင် ဇော်ဇော်က ငွေ ၁၀၀၀ ပေးပါတယ်။ အရက်သမားတယောက် ဇော်ဇော်ဆီက စာအုပ် ၅ အုပ်ဖတ်ပြီးပြီ ဆိုရင် ဇော်ဇော်ပေးတဲ့ငွေကို သူတို့မယူတော့ဘူး...'


၂၀၁၀ ပြည့်နှစ်နောက်ပိုင်း၊ အာဏာပိုင်တွေ ဖြေလျှော့ပေးလာတဲ့အထဲမှာ၊ စာကြည့်တိုက်တွေ

Monday, September 7, 2015

ဖြုတ်ညိုပိုး ကျရောက်၊ စပါးခင်းများ ပျက်စီး

ရေဦးနှင့် ခင်ဦးမြို့နယ် တို့တွင် ဖြုတ်ညိုပိုး ကျရောက်၊ စပါးခင်းများ ပျက်စီး


ရွှေဘိုခရိုင်၊ ရေဦး မြို့နယ်နှင့် ခင်ဦး မြို့နယ်တို့ရှိ စပါးစိုက်ခင်း အများစုတွင် အနှံထွက်ချိန်၌ ဖြုတ်ညိုပိုးများ

ရွှေဘိုခရိုင်မှာ ဖလံဖြူ ပိုးကြောင့် လယ်တွေ ပျက်စီး


စပါးရွက်လိပ်အိမ်ပိုး‬(ဖလံဖြူ)

#‎စပါးရွက်လိပ်အိမ်ပိုး‬(ဖလံဖြူ)
(Rice caseworm -Nymphula depunctalis)

‪#‎ဖလံသည်အဖြူရောင်ဖြစ်‬
အတောင်ပေါ်၌အညိုဖျော့နှင့်အနက်ရောင်အစက်များ
ပါရှိသည်။
(၆)မီလီမီတာခန့်ရှည်လျား၍အတောင်ဖြန့်လိုက်ပါက
(၁၅)မီလီမီတာခန့်ပြန့်သည်ကိုတွေ့နိုင်သည်။
မီးရောင်ကိုအလွန်နှစ်သက်သဖြင့်ညအခါမှထွက်သည်။
‪#‎ဖျော့တော့သောစိမ်းဝါရောင်ဥများကို‬
ရေပေါ်သို့ကွေးညွတ်နေသောစပါးရွက်၏

Monday, August 31, 2015

ကျော်ကြားသူများ ၁

အမေရိကန်တွင် လက်ကျန်ငွေ ၁၃ ဒေါ်လာဖြင့် ဘ၀စခဲ့သည့် လုပ်ငန်းပိုင်ရှင် သန်းကြွယ်သူဌေးဖြစ်လာသူမြန်မာပြည်ဖွား အမျိုးသား" စောကရင် "

အမေရိကန်သို့ ရောက်ရှိချိန်တွင်သူ့ အိပ်ကပ်ထဲ၌ ၁၃ ဒေါ်လာသာကျန်တော့သည်။ မိတ်ဆွေဆို၍ လည်း တစ်ယောက်သာရှိသည်။ တစ်ဦးတည်းသောမိတ်ဆွေ၏ ကူညီနိုင်သည့်အနေအထားမှာ သူ နေထိုင်သည့်အခန်း တွင် ၂ ရက် ၃ ရက်သာ နေထိုင်ခွင့်ပြု့ မည်ထက်မပိုခြင်းဖြစ်သည်။ ထို့ အခြေအနေဖြင့်မျိုးဖြင့် သူ့ ဘ၀ ကိုစခဲ့ရသည် ဟု မြန်မာပြည်ဖွါး အမေရိကန် နိုင်ငံသားကိုဖိလစ်မောင်က ဆိုသည်။

သို့ သော် ၂၇ ကြာပြီးမြန်မာပြည်သို့ ပြန်လာချိန်တွင်မူ သူ့ဘ၀ကများစွာပြောင်းသွားခဲ့ပြီ။ အမေရိကန်နိုင်ငံ တွင် ဒုတိယဆိုင်ခွဲအများဆုံး ဆူရှိလုပ်ငန်းပိုင်ရှင်ဖြစ်နေပြီဖြစ်သည်။ ဆုတံဆိပ် ၁၄ ခုရရှိထားပြီး

Saturday, August 29, 2015

အလှစိုက်မြက်ခင်းစိုက်ပျိုးနည်း

ကျွန်တော်သိသလောက် စိုက်နည်းပါ။မြက်စိုက်သမားလောက် တော့ မကျွမ်းကျင်ကြောင်း အယင် ပထမ ၀န်ခံပါတယ်။မြက်အမျိုးအစားအားဖြင့် မြန်မာတွင် ဂျပန်မြက် ကနေဒါမြက် ဘဲစားမြက်နှင့် ယခုအခါ ဘန်ဘူလာမြက်များကို စိုက်ပျိုးကြပါသည်။ငွေကြေး သိပ်မသုံးလို သူများက ဘဲစားမြက်ကို အသုံးပြုပြီး ဂျပန်မြက်ကို မြေပြန့်ဒေသများတွင် အဆင်ပြေကာ ကနေဒါမြက်နှင့် ဘန်ဘူလာမြက်ကိုတော့ တောင်ပေါ် မြေပြန့် အားလုံးတွင်စိုက်ကြပါသည်။ဂျပန်မြက်သည် အအေးပိုင်းတွင် စိုက်ပါက အပင်ကြီးထွားမှုအားနည်းကာ ဆောင်းရာသီတွင် အပင်များဝါခြောက်တတ်ပါသည်။
ပေါင်းထိုးပေးရန် ခက်ခဲကာ မြက်ဖြတ်ရာတွင် သူ့ကိုဖြတ်သောစက် သီးသန့်လိုအပ်ပါသည်။
ကနေဒါမြက်နှင့် ဘန်ဘူလာမြက်သည် ဂေါက်ကွင်း ဘောလုံးကွင်း ခြံကျယ်ကျယ်တို့တွင် အသုံးများပြီး နေရာမရွေး စိုက်နိုင်ပါသည်။ပေါင်းထိုးရလွယ်ကူပြီး ကျောပိုးမြက်ဖြတ်စက်ဖြင့် ဖြတ်နိုင်ပါသည်။မိုးတွင်းကာလတွင် ပေါင်းထိုးပေးခြင်း အပင်များခွဲထုတ်ပေးခြင်း မလုပ်ပါက မြက်ခင်းပျက်စီးကာ

ကျနော်သိတဲ့ နဂါးမောက်အကြောင်း

ကျနော်သိတဲ့အကြောင်းအရာကိုဝေမျှခြင်းဖြစ်တဲ့အတွက် နဂါးမောက်စိုက်ပျိုးသူများအနေနဲ့ ကွဲပြားခြားနားမှုများရှိပါက လိုအပ်တဲ့နေရာ ယူသုံးနိုင်သလို မလိုတဲ့နေရာ ဖြုတ်ချ အသုံးပြုနိုင်ပါတယ်။
နဂါးမောက်စိုက်ပျိုးခြင်းမှာ မျိုးတွေ အုပ်စုတွေက မျိုးအများကြီးရှိနေပါတယ့။အခြေခံအားဖြက့်တော့ အနီ အ၀ါ အဖြူ ဆိုပြီး ခွဲခြားနိုင်ပါတယ်။သူတို့ရဲ့ လက္ခဏာကိုလေ့လာရင် အဖြူက အပင်အဖြစ်မြန်တယ် အသီးကို တနှစ် ၆ကြိမ်လောက်ထိသီးနိုင်ပါတယ်။အနီကတော့ အပင်ကြီးထွားမှု အဖြူလောက် မမြန်ပါဘူး။အသီးနှုန်းကတော့
၇ကြိမ် ၈ကြိမ်လောက်ရပါတယ်။အ၀ါကတော့ အပင် အလုပ်လုပ်နှုန်းကော အသီးတင်နှုန်းပါ နဲပါတယ်။ နဂါးမောက်အပင်အုပ်စုဟာ self pollination လဲရှိသလို လူ ပျား အင်းဆက် အကူအညီနဲ့ ၀တ်မှုန်ကူးပါတယ်။ပန်းပွင့်ချိန်ကတော့ လပြည့်ခါနီး အချိန်အများဆုံးဖြစ်ပြီး ပန်းပွင့်ဟာ ၁၂နာရီအတွင်း ညိုးသွားတတ်ပါတယ်။အဖူးကနေ အသီးခူးဆွတ်ချိန် အထိ ရက်ပေါင်း ၅၅ရက်ကနေ ၆၀အထိ ရှိတတ်ပါတယ်။
တပင် တတိုင် ၂ပင် တတိုင်စနစ်နဲ့ စိုက်ပါက ၆ပေx၁၀ပေ ပင်ခြားတန်းခြား စိုက်တတ်ပြီးတော့ တန်းစနစ်နဲ့ဆိုရင် ပင်ခြား ၃ပေပတ်လည် လူသွားလမ်း ၆ပေဆိုရင် စိုက်လို့ရပါပြီ။

Friday, August 28, 2015

ခရမ်းချဉ်သီးပင် ပျိုးထုပ်ခြင်း ကိုင်းကူးခြင်း စနစ်


ဘက်စုံရောဂါ ကာကွယ်ရေး အခြေခံအချက်များ

ကြက်ဥခွံ့ အသုံးချနည်း

ရေရဲ့ အရည်သွေး

အနုဇီဝပိုး မွေးမြူနည်း

"အကျိုးပြုအနုဇီဝပိုး(EM)အမြောက်အများမွေးမြူနည်း"
ပထမအဆင့်။ ။အနုဇီဝပိုးခဲပြုလုပ်ခြင်း
လိုအပ်သောပစ္စည်းများ....
(1)ထွန်ယက်စိုက်ပျိုးထားခြင်းမရှိတဲ့ သက်တမ်းရင့်
သစ်ပင်ကြီးများအောက်က အဖြူရောင်မှိုများရှိတဲ့
အလွှာ(အနုဇီဝပိုးမြေ) - (1)အိတ်
(2)ဝါးရုံအောက်ခြေရှိမြေဆွေး - (1)အိတ်
(3)ခြတောင်ပို့မြေ - (1)အိတ်
(4)ဖွဲနု-(1)အိတ်
(5)တင်လဲရည်(သို့)သကာရည် - (2)လီတာ