ကျနော်သိတဲ့အကြောင်းအရာကိုဝေမျှခြင်းဖြစ်တဲ့အတွက် နဂါးမောက်စိုက်ပျိုးသူများအနေနဲ့ ကွဲပြားခြားနားမှုများရှိပါက လိုအပ်တဲ့နေရာ ယူသုံးနိုင်သလို မလိုတဲ့နေရာ ဖြုတ်ချ အသုံးပြုနိုင်ပါတယ်။
နဂါးမောက်စိုက်ပျိုးခြင်းမှာ မျိုးတွေ အုပ်စုတွေက မျိုးအများကြီးရှိနေပါတယ့။အခြေခံအားဖြက့်တော့ အနီ အ၀ါ အဖြူ ဆိုပြီး ခွဲခြားနိုင်ပါတယ်။သူတို့ရဲ့ လက္ခဏာကိုလေ့လာရင် အဖြူက အပင်အဖြစ်မြန်တယ် အသီးကို တနှစ် ၆ကြိမ်လောက်ထိသီးနိုင်ပါတယ်။အနီကတော့ အပင်ကြီးထွားမှု အဖြူလောက် မမြန်ပါဘူး။အသီးနှုန်းကတော့
၇ကြိမ် ၈ကြိမ်လောက်ရပါတယ်။အ၀ါကတော့ အပင် အလုပ်လုပ်နှုန်းကော အသီးတင်နှုန်းပါ နဲပါတယ်။ နဂါးမောက်အပင်အုပ်စုဟာ self pollination လဲရှိသလို လူ ပျား အင်းဆက် အကူအညီနဲ့ ၀တ်မှုန်ကူးပါတယ်။ပန်းပွင့်ချိန်ကတော့ လပြည့်ခါနီး အချိန်အများဆုံးဖြစ်ပြီး ပန်းပွင့်ဟာ ၁၂နာရီအတွင်း ညိုးသွားတတ်ပါတယ်။အဖူးကနေ အသီးခူးဆွတ်ချိန် အထိ ရက်ပေါင်း ၅၅ရက်ကနေ ၆၀အထိ ရှိတတ်ပါတယ်။
တပင် တတိုင် ၂ပင် တတိုင်စနစ်နဲ့ စိုက်ပါက ၆ပေx၁၀ပေ ပင်ခြားတန်းခြား စိုက်တတ်ပြီးတော့ တန်းစနစ်နဲ့ဆိုရင် ပင်ခြား ၃ပေပတ်လည် လူသွားလမ်း ၆ပေဆိုရင် စိုက်လို့ရပါပြီ။
ရေကြိက်ပေမယ့် ရေ၀ပ်ဒဏ်မခံနိုင်ပါဘူး။မြေချဉ်ငံကိုး ၅.၅မှ၆.၅ကြားဖြစ်ထွန်းပါတယ်။
အပူပိုင်းဒေသတွေမှာ ဧပြီဆို အဖူးစတင်ပြီး အအေးပိုင်းဒေသတွေမှာ မေလ ဂျွန်လမှသာ အဖူးထွက်တာကြောင့် အသီးထွက်သောအကြိမ်ရေ လျော့နည်းပါတယ်။ အပင်သက်တန်းအနေဖြင့် ၁၅နှစ်ဗကျာ်ထိရှိပြီး ၁၀နှစ်ငါးအထိ အထွက်နုနှ်းကောင်းပါတယ်။
စိုက်ခင်းပြသနာ ပိုးရောဂါအနေဖြင့် ပုရွက်ဆိတ်ဖြတ်စီးတတ်သလို အပျော့ပ်ုပ် မှိုရောဂါနှင် ဘက်တီးရီးယားကြောင့် ပုပ်တာ ဖြစ်တတ်ပါတယ်။မိုးတွင်းမှာ အဖြစ်များပြီး
ပိုးသတ်ဆေးအနေဖြက့် ပုရွက်ဆိတ်ကို ဖျူရာဒန် စီဗင် သုံးလို့ရသလို မှိုသတ်ဆေးအနေနဲ့ မန်ကိုဇက် မီတာလက်ဇီ အပြင် ကာဗင်ဒါဇင်အုပ်စုကို သုံးလို့ရပါတယ်။
Organic စိုက်ခင်းအနေနဲ့ ပုရွတ်ဆိတ်ကို ရေအပြည့်သွင်းပြွး မောင်တးထ်ုခြင်းလုပ်နိုင်သလို ဖွဲပြာပတ်ပြီး ကာကွယ်နိုင်ပါတယ်။မှိုနဲ့ ဘက်တီးရီးယားအတွက် ဘော်ဒို ၊ လိုင်းဆာလဖာ စတာတွေ ဖျန်းနိုင်ပါတယ်။
နဂါးမောက်ဟာ နွားချေး ကြက်ချေး ကြိုက်တဲ့အပင်ပါ။အပွင့်များ ပွင့်သလောက် မတင်ပဲ ကြွေတတ်တဲ့ အခြေနေရှိတတ်လို့ ကယ်လစီယမ် ဘိုရွန် လိုအပ်ချက်များတယ်လို့ ဆိုနိုင်ပြီး ကာလစီယမ် ဘိုရွန် ပါတဲ့ဆေးဖျန်းခြင်း ကြက်ဥခွံကို လှော် အမှုန်ထောင်း ရှာလကာရည်နဲ့ တပတ်စိမ် ရတဲ့အရည်ကို ၁၀၀စီစီ ရေ၄ဂါလံဖျန်းပြီး တတ်နိုင်သလောက်ထိန်းမယ်ဆိုရင် ၁၀ဖူးမှာ ၆ဖူးလောက်အောင်တတ်ပါတယ။်
နဂါးမောက်ကို အစိုးရခြံတခုမှာ off season စမ်းနေတာ အောင်မြင်မှုကို မြင်နေရပါပြီ။အပင်ရဲ့ အပေါ် ၂ပေ ၃ပေအကွာလောက်ကနေ မီးသီးနဲ့ ၄နာရီလောက်ထွန်းပြီး ရာသီပို ကြိုစိုက်ခြင်း နောက်ကျခြင်း ပြုလုပ်လာနိုင်ပါပြီ။ဥပမာ ဧပြီမှာ စောပေါ်ချင်ရင် ဖေဖော်ဝါရီတည်းက မီးထွန်းပေးမယ် အစာအဟာရတွေ ပြုပြင်ပေးမယ်ဆိုရင် စောစောဖူးစေပါတယ်။
အရသာမှာတော့ အနီအဖြူ ၂မျိုးမှာ အနီက အရသာအကောင်းဆုံးဖြစ်တဲ့အပြင် ဈေးရတာပိုတဲ့အတွက် အနီကို ဦးစားပေးစိုက်သင့်ပါတယ်။
Khant Zaw Htet
ACOM
https://www.facebook.com/jim.beats.54/posts/1629006900703037


