(Rice caseworm -Nymphula depunctalis)
#ဖလံသည်အဖြူရောင်ဖြစ်၍
အတောင်ပေါ်၌အညိုဖျော့နှင့်အနက်ရောင်အစက်များ
ပါရှိသည်။
(၆)မီလီမီတာခန့်ရှည်လျား၍အတောင်ဖြန့်လိုက်ပါက
(၁၅)မီလီမီတာခန့်ပြန့်သည်ကိုတွေ့နိုင်သည်။
မီးရောင်ကိုအလွန်နှစ်သက်သဖြင့်ညအခါမှထွက်သည်။
#ဖျော့တော့သောစိမ်းဝါရောင်ဥများကို
ရေပေါ်သို့ကွေးညွတ်နေသောစပါးရွက်၏
အောက်မျက်နှာပြင်တွင်အတန်းလိုက်အုချသည်။
#လောက်ကောင်သည်စိမ်းဝါဖျော့ရောင်ရှိ၍
ခန္ဓာကိုယ်ပေါ်တွင်ကြည်လင်သောအမွှေးသဖွယ်
အကြေးမျှင်များပါရှိသည်။
ဥမှပေါက်ကာစလောက်ကောင်များသည်
အရွက်နုများကိုသာစားသောက်၍
ကြီးရင့်လာသောလောက်ကောင်များသည်
ရွက်လိပ်အိမ်ပြုကာအတွင်း၌နေပြီးခေါင်းထွက်၍
အရွက်များကိုဖျက်ဆီးစားသောက်သည်။
အရေခွံတစ်ခါလဲတိုင်း
ရွက်လိပ်အိမ်အသစ်တစ်ခုသို့ပြောင်းရွှေ့ နေထိုင်သဖြင့်
ရွက်လိပ်အိမ်အသစ်များကိုလည်းတွေ့မြင်ရပါမည်။
#လောက်ကောင်များသည်
အရွက်၏အစိမ်းရောင်တစ်သျှူးများကို
စားသောက်ဖျက်ဆီးသဖြင့်
ပိုးဆိုးရွားစွာကျရောက်သောစိုက်ခင်းများတွင်
အရွက်ဖျားများခြောက်သွေ့ပြီးတစ်ခင်းလုံးဖြူဖွေး
နေသည်ကိုတွေ့မြင်ရမည်။ပျိုးခင်းများတွင်ပိုမိုထင်ရှားသည်။
#ရွက်လိပ်အိမ်ပိုးဟုအမည်တွင်ခြင်းမှာ
လောက်ကောင်သည်
စပါးပင်အရွက်အဖျားပိုင်းကိုကိုက်ဖြတ်၍
ရွက်လိပ်ပုံစံပြုလုပ်ပြီးကျန်အရွက်အစိတ်အပိုင်းများကို
ဖျက်ဆီးသောကြောင့်ဖြစ်ပါသည်။
ပိုးကောင်မစားဖြစ်သောအရွက်အပိုင်းအစများအား
စိုက်ခင်းအတွင်းရှိရေမျက်နှာပြင်ပေါ်တွင်တွေ့ရှိနိုင်သည်။
#စပါးရွက်လိမ်အိမ်ပိုး၏
ဘဝစက်ဝန်းမှာ(၃၅)ရက်ခန့်ဖြစ်သည်။
စိုက်နည်းစနစ်၊ဓာတုဆေးဝါးများဖြင့်ကာကွယ်နှိမ်နင်းနိုင်ပါသည်။
#စိုက်နည်းစနစ်အရကာကွယ်နှိမ်နင်းခြင်း
၁။အပင်ကျဲကျဲစိုက်သောအခင်းများ(၁၂လက်မ×၈လက်မ)
တွင်ရွက်လိပ်အိမ်ပိုးကျရောက်မှုနည်းပါးလေ့ရှိသဖြင့်
အပင်ကျဲကျဲစိုက်ပါ။
၂။ပုံမှန်စိုက်ချိန်ထက်စောစိုက်ခြင်းဖြင့်လည်း
ရွက်လိမ်အိမ်ပိုးကျရောက်မှုကိုရှောင်ရှားနိုင်သည်။
၃။(၅ရက်မှ၇ရက်)ကြာအောင်ရေထုတ်ပြီးရေဖြတ်ထားပါက
ရွက်လိပ်အိမ်ပိုးလောက်ကောင်များသေဆုံးနိုင်ပါသည်။
၎။ပျိုးသက်ကြီးကြီးစိုက်ပါ။
၅။ပုလဲမြေသြဇာကိုသင့်တင့်ရုံသုံးစွဲခြင်း၊ခွဲ၍ကျွေးခြင်းဖြင့်လည်း
ရွက်လိပ်အိမ်ပိုးပမာဏကိုလျော့ကျစေနိုင်ပါသည်။
https://www.facebook.com/permalink.php?story_fbid=738945159494872&id=713012312088157





